ပန်းတောင်းမြို့နယ်တွင် တန်ခိုးဝေဖြာရွှေဘုံသာတေးစီးရီးမိတ်ဆက်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် တန်ခိုးဝေဖြာရွှေဘုံသာတေးစီးရီးမိတ်ဆက်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ


MNP - ဧပြီ    ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ သန္တိသုခဓမ္မာရုံတွင် တန်ခိုးဝေဖြာရွှေဘုံသာ တေးစီးရီးမိတ်ဆက်ပွဲပွဲနှင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ခေါင်းဆောင် ဦးတင်လှိုင်မှ တန်ခိုးဝေဖြာ ရွှေဘုံသာတေးစီးရီးထုတ်ဝေရခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် နိူင်ငံတော်ရွှေတံဆိပ်ဆုရ စန္ဒယားဝေယံလင်းအဖွဲ့ကိုယ်စား ဆရာကြီးဦးသိန်းမြင့်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

၎င်းနောက် တေးစီးရီးအောင်မြင်စွာရေးသားတီးခတ်သီဆိုခဲ့ကြသော ဆရာကြီးဦးသိန်းမြင့်နှင့် စန္ဒယား ဝေယံလင်းတေးဂီတအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ ၎င်းမြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာမှ ၎င်းဂေါပကအဖွဲ့ ဦးဝင်းကြူမှ ၎င်းဂေါပကအဖွဲ့ ဦးသန်းအေးမှ ၎င်း ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ခေါင်းဆောင် ဦးတင်လှိုင်မှ ၎င်းဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တေးစီးရီးတွင်ပါဝင်သော သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ တန်ခိုးဝေဖြာရွှေဘုံသာ တေးစီးရီးခွေအား မေလဆန်းတွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ မြို့နယ်ဂေါပကအဖွဲ့ဝင်များ တေးသံရှင်အဖွဲ့များမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)