ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - ဧပြီ   ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၂၅ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ဆန်းဆန်းဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံ ကိန်းရည်မှန်းချက်များကို မဟာဗျူဟာ၊ နည်းဗျူဟာများနှင့်အညီ ရေးဆွဲထားပြီး ဒေသန္တရစီမံကိန်းရည်မှန်းချက်အရ ကဏ္ဍကြီးများအလိုက် ထုတ်လုပ်မှုနှုန်းနှင့် ဝန်ဆောင်မှုတန်ဖိုးများ တိုးတက်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှုတန်းဖိုးအရ တိုင်းဒေသကြီးခွင့်ပြုငွေ စုစုပေါင်းငွေကျပ် ၂၄၀၁ ဒသမ ၈၃၆ သန်းဖြင့်ဆောင်ရွက်ရန်လျာထားကြောင်း သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်လစဉ်ပြီးစီးမှုအခြေအနေများကို စီမံကိန်း‌ရေးဆွဲရေးဦးစီးဌာနသို့ ဆက်လက်ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးတင်အောင်မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအေးချမ်းအောင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ဆန်းဆန်းဝင်းတို့မှ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များကို ပေးအပ်ကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။

သတင်း - ထွန်းထွန်းဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)