Pages

Pages

သုံးခွမြို့နယ်တွင် စာရေးဆရာ အောင်သင်းရေးသားသည့် "လူငယ်များသို့မင်္ဂလာပါ " စာအုပ်အား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်




MNP - ဧပြီ    ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(Community Centre)တွင် စာပေချစ်သူများအချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေ တတ်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၉)နာရီအချိန်က  စာရေးဆရာ  အောင်သင်းရေးသားသည့် "လူငယ်များသို့မင်္ဂလာပါ " စာအုပ်အား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဒေါ်တင်တင်‌ထွေးမှ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အား ပြောကြားပြီး (Women Club)အဖွဲ့ဝင် ဒေါ်ဇင်မင်းစိုးက "လူငယ်များသို့ မင်္ဂလာပါ"စာအုပ်ကို လူကြီးလူငယ်များ‌ လေ့လာသင်ယူမှတ်သားသင့်သော စာအုပ် ကောင်းလေးဖြစ်ပါကြောင်း မင်္ဂလာပါဆိုတာ စေဆိုတဲ့ဆုတောင်းခွန်းဆက် စကားလေးဖြစ်ပါကြောင်း၊‌ ဒေါ်ညွန့်ညွန့်ခိုင်မှ" ပူဇော်ထိုက်သူကိုပူဇော်ခြင်း" ခေါင်းစဉ်အားဆွေးနွေးရာတွင် ပူဇော်တယ်ဆိုတဲ့ စကားသည် အရိုအသေပြုခြင်း၊ အလေးအမြတ်ပြုခြင်းသာဖြစ်ကြောင်း၊ မြန်မာလူမျိုးများရဲ့ကျင့်သုံးမှုအရ ဦးချရှစ်ခိုး ထိုက်သူနှစ်မျိုးသာရှိကြောင်း၊ မဖူးကေခိုင်မှ"မင်္ဂလာတရားကိုကျင့်ခြင်း"စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။

သတင်း - စည်သူလင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment