ဒလမြို့နယ်တွင် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရှေးဦးပြုစုနည်း အခြေခံသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒလမြို့နယ်တွင် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရှေးဦးပြုစုနည်း အခြေခံသင်တန်းဖွင့်လှစ်



MNP - ဧပြီ    ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို  ယနေ့နံနက် ၉:၃၀နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် ဒလမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များအတွက် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသော လူငယ်ကျောင်းသား/ ကျောင်းသူများအနေဖြင့် သင်တန်းမှ ပို့ချသည့် ပညာရပ်များကို ကြိုစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ နည်းပြဆရာမျိုးဇော်သူက ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံ၊ သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်း ပြောကြားခဲ့ကြသည်။

အဆိုပါ သင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဧပြီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ (‌၂)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား (၁၂)ဦး တက်ရောက်လျက်ရှိကြ၍ သင်တန်းတွင် ရှေးဦးပြုစုနည်း၊ အရေးပေါ် အသက်ကယ်နည်းများ၊ လက်တွေ့ပြုစုနည်းများနှင့် ဘေးအန္တရာယ် ကြုံတွေ့ရပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စာတွေ့/လက်တွေ့ သရုပ်ပြသင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)