ထားဝယ်မြို့တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်းများအား စာရင်းရေးသွင်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်းများအား စာရင်းရေးသွင်းလျက်ရှိ







MNP ၊ ဧပြီ ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှအသုံးပြုနေသော နိုင်ငံသားကိုယ်ရေးမှတ်တမ်းများအား ယနေ့နံနက် ပိုင်းတွင် ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ခန်းမအဆောင်များ၌ နည်းပညာအသုံးပြု၍ရေးသွင်းလျက်ရှိ ကြောင်းသိရသည်။


မကြာခင်ကာလအတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မှန်ကန်မျှတစွာဖြင့်လွတ်လပ်သောရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးသည် အရေးကြီးကြောင်းနှင့် မဲစာရင်းဖောင်းပွမှု၊ မပြည်စုံမှု၊ မဲစာရင်းတွင်မပါရှိမှုမဖြစ်စေရေးနှင့် မဲစာရင်းဆုံးရှုံးမှုမဖြစ်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ထားဝယ်ခရိုင်အတွင်းရှိဌာနဆိုင်ရာ ဝန်ထမ်း(၇၂)ဦး၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးများရှိဝန်ထမ်းများပူးပေါင်း၍ နိုင်ငံသားကိုယ်ရေး မှတ်တမ်းများအား နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းလျက်ကြောင်း သိရှိရသည်။


အဆိုပါစာရင်းရေးသွင်းနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က လိုက်လံကြည်ရှု့စစ်ဆေး ပြီးအချိန်မီပြီးစီးရေးနှင့် စာရင်းဇယားများကို အချိန်တိုအတွင်းပြီးမြောက်အောင် ဆောင်ရွက်ပေးစေလိုကြောင်း တာဝန်ရှိသူ များအားမှာကြားခဲ့သည်။


အလားတူစာရင်းရေးသွင်းခြင်းလုပ်ငန်းများကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံသားကိုယ်ရေးမှတ်တမ်းများမှာ (၁၆)သိန်း(၄)သောင်း ရှိကြောင်းသိရပြီး တစ်နေ့ လျှင်တစ်ဦးစာရင်း ရေးသွင်းနိုင်မှု(၂၀၀)နှုန်းဖြင့်စိစဉ်ဆောင်ရွက်ထားရှိကြောင်းသိရကာ တစ်လအတွင်းပြီးစီး အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြတ်စိုးထံမှ သိရှိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)