Pages

Pages

မေတ္တာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဂီတာတီး သင်တန်းဖွင့်လှစ်

 





MNP ၊  ဧပြီ   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ မေတ္တာမြို့လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆိတ်ကူးအသင်းတော်မှလူငယ်များနှင့်ပူးပေါင်းပြီး ယနေ့ နံနက် (၉)နာရီခွဲအချိန်က ဂီတာတီးသင်တန်းကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်- ( ၃) ဒေါ်အေးအေးချိုက နွေရာသီ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဂီတပညာသည်ပြည်သူလူထုအတွင်း အလွယ်ကူဆုံး၊ အထိရောက်ဆုံး၊ စွဲမြဲထိုးဖောက်နိုင်သောအနုပညာတစ်ရပ်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များ အနုပညာစွမ်းပကားများ ထွန်းကားလာစေရန်၊ ခေတ်နှင့်အညီအတီးအမှုတ်နှင့် ပတ်သက်သည့် တူရိယာများကို

ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်စေရန်၊ အနုပညာအမွေအနှစ်များကို တန်ဖိုးထား ချစ်မြတ်နိုးသည့်အနာဂတ်လူငယ် များဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ဂီတာတီးသင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ ထိုနောက်သင်တန်းနည်းပြဆရာက တီးလုံး တီးကွက်များ ဂီတာကြိုးကိုင်တွယ်ပုံများအကြောင်းကို သင်တန်းသား/သင်တန်းသူများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ ဂီတာတီးခြင်းကိုစတင် သင်ကြား ခဲ့သည်။


အဆိုပါသင်တန်းကိုသင်တန်းသား/သင်တန်းသူ(၁၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာဧပြီလ (၁၈) ရက်မှ

(၂၀)ရက်နေ့အထိ (၃)ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - အေးအေးချို (    မေတ္တာ   )

https://t.me/MyanmarNationalPost

No comments:

Post a Comment