Pages

Pages

ဒုံဝန်းကျေးရွာ၌ တိပိဋကသန္တာဝါသကျောင်းဆောင် ဆောက်လုပ်နိုင်ရေး အလှူငွေကျပ် သိန်း ၄၀၀ အား နှစ်ဦးအလှူအဖြစ် မတည် လှူဒါန်း






MNP ၊ ဧပြီ ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် တိပိဋကသန္တာဝါသကျောင်းဆောင် ဆောက်လုပ်ရန်အတွက်

သထုံမြို့၊ အောက်ကျင်းရပ်ကွက်နေ ဉာဏ်ဝေယံ မိသားစုတို့က နှစ်ဦးအလှူအဖြစ် ငွေကျပ် သိန်းပေါင်း ၄၀၀ အား ယမန်နေ့(မြန်မာနှစ်ဆန်းတစ်ရက်နေ့)က မတည်လှူဒါန်းခဲ့သည်။

သထုံမြို့နယ် ဒုံဝန်းကျေးရွာရှိ ရတနာဇေယျုံကျောင်းတိုက်ပုရိဝုဏ်အတွင်း တည်ဆောက်မည့် တိပိဋကသန္တာဝါသ

ကျောင်းဆောင်အတွက် ဉာဏ်ဝေယံမိသားစုဝင်များဖြစ်ကြသည့် ကျေးဇူးရှင်မိဘနှစ်ပါးနှင့် အမဖြစ်သူတို့ကို ရည်စူး၍  ဒေါ်ခိုင်ဉာဏ် ဒေါ်မြင့်ဉာဏ် မိသားစု၊ ကွယ်လွန်သူဦးအုံးကျော် အား ရည်စူး၍ ဒေါ်သက်ဉာဏ် မိသားစုတို့က ပထမအကြိမ်အဖြစ် မတည်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ရတနာဇေယျုံကျောင်းတိုက်မှာ လက်ရှိပရိယတ္တိစာပေများကို လေ့လာသင်ကြားနေသည့် တိပိဋကလောင်းလျာ အရှင်သူမြတ်များ သီတင်းသုံးနိုင်ရေးအတွက် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ပြီး အဆိုပါကျောင်းဆောင်အတွက် ငွေကျပ် သိန်းတစ်ထောင်ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်အတွက် မတည်အလှူ ရှင်များအပြင် ရပ်နီးရပ်ဝေးမှ စေတနာရှင်ဒါယကာ၊ ဒါယိကာမများကလည်း ယခုရက်ပိုင်းမှစတင်ကာ အလှူငွေများကို စေတနာသဒ္ဓါတရား အလျောက်ထည့်ဝင်လှူဒါန်းလျက်ရှိပြီး လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ရတနာဇေယျုံကျောင်းတိုက် အကျိုးတော်ဆောင် ဥပသကာအဖွဲ့နှင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိုးဆော်ထားသည်။

အဆိုပါတိပိဋကသန္တာဝါသကျောင်းဆောင်သည် အလျား ၅၀ ပေ၊ အနံ ၅၀ ပေ အာစီနှစ်ထပ်အဆောက်အဦးဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို လာမည့် မေလအတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment