မိုးညှင်းဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ (၂၀)ဦး လွတ်ငြိမ်းသက်သာခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ (၂၀)ဦး လွတ်ငြိမ်းသက်သာခွင့်ပြု




MNP - ဧပြီ    ၁၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ စုစုပေါင်း (၂၀)ဦးအား မြန်မာနှစ်ဆန်း (၁)ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း စသည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မိုးညှင်းဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား (၁၉)ဦး၊ အကျဉ်းသူ (၁)ဦး စုစုပေါင်း (၂၀)ဦးအား လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလွှတ်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ ဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူများက လွတ်ငြိမ်းသက်သာခွင့်ပြုမည့် အကျဉ်းသား/သူများအား ဆုံးမစကားပြောကြားပြီး လွတ်ငြိမ်းသက်သာခွင့်ပြုမည့် အကျဉ်သား/သူများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၄၀၀၀၀၀)ဖြင့်လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တစ်ဦးလျှင် ငွေကျပ် (၅၀၀၀)နှင့် အတွင်းရေးမှူးမှ တစ်ဦးလျှင် ငွေကျပ် (၅၀၀၀)ဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၂၀၀၀၀၀)ဖြင့်လည်းကောင်း၊ မိုးညှင်းဗဟိုအကျဉ်းထောင်မှ လမ်းခရီးစရိတ်နှင့် စားစရိတ်များကို အကျဉ်းထောင် တာဝန်ခံအရာရှိမှလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)