မော်စကို ၊ ဧပြီ ၁၂
ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဥရောပနိုင်ငံတစ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးအပ်ခဲ့သည့် လေကြောင်းရန်-ကာကွယ်ရေးကိရိယာများကို ချေမှုန်းဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၂ ရက်တွင်ပြောကြားခဲ့သည်။“ဥရောပနိုင်ငံတစ်နိုင်ငံက ယူကရိန်း(ကိဗ်) ကိုထောက်ပံ့ပေးထားတဲ့ S-300 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်ရဲ့ ပစ္စည်းကိရိယာတွေကို ဧပြီ ၁၀ ရက်တုန်းက တိကျမှန်ကန်မှုမြင့်မားတဲ့ ပင်လယ်ပြင်အခြေစိုက် Kalibr ဒုံးကျည်တွေနဲ့ ချေမှုန်းဖျက်ဆီးပစ်ခဲ့ပါတယ်” ဟု ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ Dnipro မြို့၏ မြို့ပြင်တောင်ဘက်ပိုင်းရှိ အလုံပိတ်အဆောက်အဦတစ်လုံးအတွင်း ယခင်က သိုဝှက်ထားသော အဆိုပါလေကြောင်းရန်ကာကွယ်ရေးကိရိယာကို တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၌ ၎င်း၏ အထူးစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ယနေ့အထိ လေယာဉ်အစင်းပေါင်း ၁၂၉ စင်း ၊ ရဟတ်ယာဉ် ၉၉ စင်း ၊ လေယာဉ်ပစ်ဒုံးကျည်စနစ် ၂၄၃ ခု ၊ ဒရုန်းယာဉ် ၄၄၁ စင်း ၊ တင့်ကား နှင့် အခြား တိုက်ပွဲဝင် သံချပ်ကာယာဉ် ၂၀၇၉ စင်း ၊ လောင်ချာမျိုးစုံ ၂၃၉ လုံး ၊ အမြှောက်နှင့်စိန်ပြောင်း ၉၀၉ ခု ၊ ထို့ပြင် စစ်ဘက်သုံးယာဉ်အစင်းပေါင်း ၂၀၀၃ စင်းတို့ကို ဖျက်ဆီးပစ်ထားပြီးဖြစ်ကြောင်း သိရသည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost

No comments:
Post a Comment