ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းတွင်စစ် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းတွင်စစ် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများထုတ်ပြန်



MNP - ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများအား သက်ဆိုင်ရာကျောင်းများ၌ အတန်းလိုက် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ထားကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း-ခွဲ (၁)ကျောင်း၊ မူလတန်းကျောင်း(၁၂၉) ကျောင်း၊  မူလတန်း-လွန်ကျောင်း(၂၆)ကျောင်း၊ အလယ် တန်းကျောင်း-ခွဲ(၈)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း စုစုပေါင်း(၁၈၆) ကျောင်းနှင့် ပုဂ္ဂလိကကျောင်း(၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၆) ကျောင်းရှိရာ အခြေခံပညာ ကျောင်းများမှ မူလတန်းအဆင့်၊ အလယ် တန်းအဆင့်၊ အထက်တန်းအဆင့် အောင်မြင်သူ (၂၄၅၅၉)ဦး၊ ပုဂ္ဂလိက ကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက် တန်းအဆင့်အောင်မြင်သူ(၈၄၉)ဦး၊ ဘုန်းတော်ကြီးကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် အောင်မြင်သူ(၁၈၄၅)ဦး စုစုပေါင်း (၂၇၂၅၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)