ရမည်းသင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ကျင်းပ





MNP - ဧပြီ   ၃၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲပထမနေ့ ကျမ်းရင်းပါရာဇိကကဏ္ဍပါဠိအဠကထာ(၁)ဘာသာရပ်ကို ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီက ရမည်းသင်းမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီးအနီး ဝါတိုးရပ်ကွက်ကြီးရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ၌ ရမည်းသင်းမြို့နယ်တွင် စာရင်းရှိစာဖြေသံဃာ အပါး(၃၀)ရှိရာ ဖြေဆိုသံဃာ(၂၈)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ရမည်းသင်းမြို့နယ် သာသနာရေးဦးစီးဌာနမှသိရသည်။

ရမည်းသင်းမြို့နယ်အတွင်း ဓမ္မာစရိယစာမေးပွဲကို ဧပြီ ၃၀ ရက်မှ မေ ၉ ရက်နေ့ထိ လည်းကောင်း၊ ပထမပြန်စာမေးပွဲကို မေ ၇ ရက်နေ့မှ မေ  ၁၃ ရက်ထိလည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - ဇော်ဝင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)