Pages

Pages

တောင်ငူမြို့၌ အိမ်ထောင်စုဝင်များအား စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး



MNP -  ဧပြီ   ၂၅

ပဲခူးတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များအသင်းစီမံချက်ဖြင့် အိမ်ထောင်စုဝင်များအား စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးကို ယနေ့နံနက်ပိုင်း က ဈေးလမ်း အမှတ် ၁၃ ရပ်ကွက်ရှိ  စားသုံးဆီအရောင်းဆိုင်များက ရောင်းချပေးသည်။

ထိုသို့ရောင်းချပေးရာ တောင်ငူမြို့အတွင်း ပြည်သူများ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်  ဆီအရောင်းဆိုင်မှ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင်  စားသုံးဆီ နှစ်ပိဿာနှုန်း၊ တစ်ပိဿာလျှင် ငွေကျပ် (၅၈၀၀) ကျပ်နှုန်းဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဝယ်စားရတဲ့ စားသုံးဆီက တခြားနေရာမှာဆိုရင်  ၆၅၀၀ ကျပ်မှ ၆၈၀၀ အထိ ဈေးနှုန်းမြင့်မားစွာနဲ့ ဝယ်ယူနေရပါတယ်။ အခုလို တစ်ပိဿာကို ၅၈၀၀ ကျပ်နှုန်းနဲ့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးသည့်အတွက် ကျေးဇူးတင်ကျေနပ် ဝမ်းသာမိကြောင်း” ဆီဝယ်သူ ဒေသခံတစ်ဦးမှ ပြောကြားသည်။

တောင်ငူမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး စားသုံးဆီအရောင်းဆိုင်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဇော်ထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment