Pages

Pages

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိမ်တွင်းမှုလုပ်ငန်းပညာရပ် လက်ကိုင်အိတ်ထိုးနည်းသင်တန်းဆင်းပွဲကျင်းပ




MNP - ဧပြီ    ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ‌ ကျောင်းပိတ်ရက်ကာလအတွင်း မြို့အတွင်းရှိ ကျောင်း သားကျောင်းသူလူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ တစ်ဖက်တစ်လမ်းမှမိသားစု အပိုဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့် ကိုက်ညီ‌သော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှု လုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့် လက်ကိုင် အိတ်ထိုးနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ဒေါ်ခင်ခင်လဲ့က ဤသင်တန်းဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြပါသော သင်တန်းနည်းပြဆရာမနှင့် သင်တန်းသား/သင်တန်းသူ(၁၂)ဦးအား ကျေးဇူးတင်စကား ပြောကြားပြီး ဆက်လက်၍ သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုသောအနေဖြင့် အမှတ်တရ လက်ဆောင်ပစ္စည်းများချီးမြှင့်ပေးပြီး သင်တန်းသူ/သင်တန်းသားများက အမှတ်တရ မှတ်တမ်း ဓာတ်ပုံများရိုက်ပြီး သင်တန်းဆင်းပွဲကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - ခင်ခင်လဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment