မအီမြို့တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း







MNP ၊ ဧပြီ  ၁၀

မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များတွင်တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းခြင်းကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်စီစဉ်ဆောင်ရွက်မှုဖြင့် မြို့ပေါ်ဌာနဆိုင်ရာများစုပေါင်း၍ မအီမြို့ပေါ်(၄)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ဆွမ်းဆန်တော်လှူဒါန်းရာတွင် ဆန်(၁၂)ပြည်ဆံ့ဆန်အိတ်(၁၂)အိတ်၊ (၂၄)ပြည်ဆံ့ဆန်အိတ် (၅)အိတ်၊ နဝကမ္မအလှူငွေနှင့် အခြားလှူဖွယ်ဝတ္ထုများအပါအဝင် စုစုပေါင်းလှူဒါန်းမှုတန်ဖိုး(၆)သိန်းကျော်တန်ဖိုးရှိ ဆွမ်းဆန်တော်များကို ခလရ(၉၈)မှ ဒုတိယဗိုလ်မှူးကြီးသိန်းစောနိုင်၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့်အဖွဲ့က ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်သို့လည်းကောင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့်အဖွဲ့မှ မအီမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဥက္ကံတောင်ကျောင်းတိုက်သို့လည်းကောင်း၊ မအီမြို့၊ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသန်းဝင်းနှင့်အဖွဲ့မှ အမှတ်(၄)ရပ်ကွက်ရှိ သုခကာရီကျောင်းတိုက်သို့လည်းကောင်း၊ မအီမြို့၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးဦးစောနိုင်နှင့်အဖွဲ့မှ အမှတ်(၁)ရပ်ကွက်ရှိ မူလာရာမသိမ်တောင်ကျောင်းတိုက်သို့လည်းကောင်း၊ မီးသတ်ဦးစီးမှူးဦးစောကျော်လင်းနှင့်အဖွဲ့မှ အမှတ်(၄)ရပ်ကွက်ရှိ အင်တောင်ကျောင်းတိုက်သို့လည်းကောင်း စသည့်အဖွဲ့များဖွဲ့စည်း၍ အဆိုပါမအီမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)