ကနီ - မုံရွာ ကာလမ်းတွင် PDF အကြမ်းဖက်အဖွဲ့က စစ်ဆေးရေးဂိတ်ဖွင့်ပြီး စစ်ဆေးမှုများ ပြုလုပ်နေပါသဖြင့် တာဝန်ရှိသူများ ရှင်းလင်းပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနီ - မုံရွာ ကာလမ်းတွင် PDF အကြမ်းဖက်အဖွဲ့က စစ်ဆေးရေးဂိတ်ဖွင့်ပြီး စစ်ဆေးမှုများ ပြုလုပ်နေပါသဖြင့် တာဝန်ရှိသူများ ရှင်းလင်းပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)


မြန်မာနေရှင်နယ်ပို့စ်မှ တဆင့် တာဝန်ရှိသူများ သိရှိနိုင်ပါစေရန် ရေးသားပေးပို့ တင်ပြရခြင်းဖြစ်ပါသည်။ မနေ့က (၁၀-၆-၂၀၂၂) ရက်နေ့က ကနီ မှ မုံရွာသို့ လာခဲ့ပါသည်။ ကျွန်တော်တို့ မိသားစုသည် CDM တွင် ပါဝင်ခြင်းလည်းမရှိ၊ NLD အစွန်းရောက် အကြမ်းဖက်သမားများကို အားပေးထောက်ခံခြင်းလည်း အလျဉ်းမရှိသောကြောင့် ရပ်ရွာကို စွန့်ခွါပြီး တိမ်းရှောင်နေကြရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ဒေသတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံးရသည့် အပြစ်မဲ့ ပြည်သူလည်း မရေတွက်နိုင်အောင် ဖြစ်ခဲ့ပါပြီ။

မနေ့က ကနီမှ မုံရွာသို့ လာစဉ် လမ်းတွင် စစ်ဆေးရေးဂိတ်များတွင် အစစ်ဆေးခံရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည့် ဂိတ်တွင် ကားကိုစစ်ဆေးခြင်း၊ ခရီးသည်များကို စစ်ဆေးခြင်းမရှိဘဲ ကားသမားထံ မှ ပိုက်ဆံတောင်းသည်ကို တွေ့ရပါသည်။ ပိုက်ဆံ တောင်းရာတွင်လည်း အကြွေးတောင်းသကဲ့သို့ ဒါပဲလား၊ နောက်တစ်ခေါက် ကြရင်တော့ ဒီလောက်နဲ့ မရဘူး စသဖြင့် အကြွေးတောင်းနေသကဲ့သို့ တောင်းသည်ကို တွေ့ကြုံရသည်မှာ ဝမ်းနည်းဖွယ် ကောင်းပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပင်ပန်းဆင်းရဲသည်ကို နားလည်ပါသည်။ မိမိတို့ကို ပေးအပ်သည့် တာဝန်အရ ထမ်းဆောင်နေကြရသည်ကိုလည်း နားလည်ပါသည်။ NLD အစွန်းရောက်များ အလွန်အမင်းပေါများပြီး ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်နေသည့်ကြားတွင် ပြည်သူကို စည်းရုံးသိမ်းသွင်းရမည့် တာဝန်ရှိသူများက နှပဲတပြားတောင်း၍ အမြင်မတင့်တယ်သော ကိုယ်ကျိုးရှာ လုပ်ရပ်ကို လုပ်နေကြသဖြင့် အမုန်းပွားနေကြသူများအတွက် ပိုမိုအမုန်းပွားစရာကိစ္စများ လုပ်ဆောင်သကဲ့သို့ ဖြစ်နေပါသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လိုအပ်သလို ကြီးကြပ်ကွပ်ကဲပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။ ၎င်းတို့အား ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိပါ။

တဖန် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်၊ မော်တော်ပီကယ် ဂိတ်နှင့် ခမ်းလှမ်းလှမ်းတွင် PDF အကြမ်းဖက်အဖွဲ့က ပရဟိတကားဖြင့် ကျွန်တော်တို့ ခရီးသည်များလိုက်ပါလာသည့်ကားအား တားဆီးပြီး စစ်ဆေးပါသည်။ CDM တွင် ပါဝင်ခြင်း ရှိ၊ မရှိ မေးမြန်းပါသည်။ မှတ်ပုံတင်များကို ဓာတ်ပုံရိုက်၍ ရယူထားကြပါသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့က လုပ်ဆောင်နေခြင်းသည် တာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်သမားများကို နှိမ်နင်းခြင်း၊ ရှင်းလင်းခြင်း မရှိသောကြောင့် အပြစ်မဲ့ ပြည်သူများအပေါ် NLD အစွန်းရောက် အကြမ်းဖက်သမားများက နိုင်လိုမင်းထက် ပြုမူနေနိုင်ခြင်းဖြစ်ပါသည်။ လုံခြုံရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကနီ - မုံရွာ ကားလမ်းတွင် လက်နက်ကိုင် အကြမ်းဖက်နေသော၊ မလိုလားအပ်ပါဘဲ ပြည်သူများကို စစ်လားဆေးလား လုပ်နေသော NLD အစွန်းရောက် PDF အကြမ်းဖက်သမားများကို အလေးထား၍ ရှင်းလင်းဖယ်ရှားပေးနိုင်ပါရန် ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။


တာဝန်သိ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)