အကန်းတွေများရင် ဒီမိုကရေစီဟာ အန္တရာယ်ကြီးကြောင်း ဆရာတော်ဦးဝီရသူ မိန့်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကန်းတွေများရင် ဒီမိုကရေစီဟာ အန္တရာယ်ကြီးကြောင်း ဆရာတော်ဦးဝီရသူ မိန့်ကြား





MNP ၊ ဧပြီ ၂၆

အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီး ပထမဆုံး ဟောကြားတဲ့ အွန်လိုင်းဓမ္မသဘင်မှာ ဆရာတော်ဦးဝီရသူက အကန်းတွေများရင် ဒီမိုကရေစီက အန္တရာယ်ကြီးကြောင်း မိန့်ကြားလိုက်သည်။


၂၄-၄-၂၀၂၂ ရက်နေ့က ထိုင်းနိုင်ငံအခြေစိုက် လောကအလင်းပရဟိတအကျိုးတော်ဆောင်အဖွဲ့က ဦးဆောင်ကျင်းပတဲ့ အွန်လိုင်းဓမ္မသဘင်မှာ ဆရာတော် ဦးဝီရသူက "လောကကြီးမှာ လူများစုဆိုတာတွေက ကောင်းတာတွေလား ကန်းတာတွေလား၊ (ကန်းတာတွေပါ) လူများစုနောက်က လိုက်ကြကြေး၊ လူများစုနောက် လိုက်ကြမယ်ဆိုရင် အကန်းတွေနောက် လိုက်ရမှာလား၊ အကောင်းတွေနောက် လိုက်ရမှာလား (အကောင်းတွေနောက် လိုက်ရမှာပါ ဘုရား) လူများစုက အကန်းလား၊ အကောင်းလား (အကန်းပါ ဘုရား) လူများစုကို ဦးစားပေးတယ်ဆိုရင် အကန်းကို ဦးစားပေးတာလား၊ အကောင်းကို ဦးစားပေးတာလား (အကန်းကို ဦးစားပေးပါတယ်ဘုရား) လူများစုရဲ့ ဆုံးဖြတ်ချက်နဲ့ အလုပ် လုပ်မယ်ဆိုရင် အကန်းဆုံးဖြတ်ချက်နဲ့ လုပ်မှာလား၊ အကောင်းဆုံးဖြတ်ချက်နဲ့ အလုပ် လုပ်မှာလား (အကောင်းဆုံးဖြတ်ချက်နဲ့ လုပ်ရပါမယ် ဘုရား) ဒီမိုကရေစီရဲ့ သဘောတရားလေး ပြောတာပါ။ ဘုရား တရားတော်နဲ့ တိုက်ကြည့်တာ။" ဟု မိန့်ကြားသည်။

ဆရာတော်ဦးဝီရသူ ဟောကြားချီးမြှင့်သော တရားတော်တွင် -

လောကကြီးက ကန်းတဲ့သူ များတာ။ မြင်တဲ့သူက နည်းနည်းလေး။ ဒီမိုကရေစီသဘောတရားအရ အများဆန္ဒအတိုင်း လုပ်ကြမယ်ဆိုရင် အကန်းတွေ ခိုင်းတဲ့အတိုင်း လုပ်ရတော့မှာ။ အခုခေတ်တော့ အကန်းကို အကန်းလို့ မသုံးကြတော့ဘူးနော်။ အပိန်း။ သိမ်မွေ့သွားတယ်နော်။ ဘုရားကတော့ အကန်းလို့ ဟောထားတာပေါ့ဗျာ။ နည်းနည်းတော့ ကြမ်းရင် ကြမ်းမှာပေါ့။ အခုခေတ်ကြတော့ ဘယ်လိုတဲ့လဲ။ (အပိန်းပါ ဘုရား)။ အဲတော့ ရွာတစ်ရွာမှာလည်း ကြည့်လေဗျာ။ ဘွဲ့ရ ပညာတတ်တဲ့သူနဲ့ ဘွဲ့မရ ပညာမတတ်တဲ့သူ ဘယ်ဟာများလဲ။ (ဘွဲ့မရတဲ့သူ များပါတယ်ဘုရား)။ အများစုရဲ့ ဆန္ဒအတိုင်း လုပ်ကြကိုင်ကြမယ်ဆိုရင် ဘွဲ့ရတဲ့သူရဲ့ ဆန္ဒနဲ့ လုပ်ရမှာလား။ ဘွဲ့မရတဲ့သူတွေရဲ့ ဆန္ဒနဲ့ လုပ်ရမှာလား။ လူ့သဘာဝကို သေချာကြည့်လေ။ အကန်းများလား၊ အကောင်းများလား။ (အကန်းများပါတယ်ဘုရား)။ များရာ ဦးစားပေးကြေးဆိုရင် အကန်နောက်လိုက်ရမှာ။ အကန်းက မြင်လား။ သူ ဂျောက်ထဲကျရင် နောက်ကလူတွေကရော။ ဂျောက်ထဲ ကျမှာနော်။ ကျုပ်တရားက ဒါပါပဲဗျာ။ အကန်းဆောင်ရာ အကောင်းပါ ကျမှာမလွဲ တွင်းဂျောက်ထဲ။ လူများစုကို ဦးစားပေးပြီး လူများစုလုပ်ရာ လိုက်လုပ်နေကြမယ်ဆိုရင် လူများစုက အကန်းတွေချည်းပဲ။ အကန်းတွေ ဦးဆောင်တဲ့နောက် လိုက်ကြမယ်ဆိုရင် အကောင်းတွေပါ ဂျောက်ထဲကျကုန်မှာ။ ဘယ်နှတုံး။ ခုလဲ မြန်မာပြည် ဂျောက်ထဲ ကျမနေဘူးလား။ အဲဒါ အပိန်းတွေကြောင့် မဟုတ်ဘူးလား။ အပိန်းတွေ ဦးဆောင်ခဲ့လို့ မဟုတ်ဘူးလား။ ဦးဆောင်တဲ့ အပိန်းတွေနောက် လိုက်ကြလို့ မဟုတ်ဘူးလား။ ကဲဗျာ သူတို့တတွေသာ တကယ်မြင်ကြတယ်၊ တကယ်ကောင်းကြတယ်ဆိုရင် ငါးနှစ်ဆိုတဲ့ သက်တမ်း သူများထက်သာအောင် မလုပ်နိုင်ဘူးလား လုပ်နိုင်လား။ (လုပ်နိုင်ပါတယ်ဘုရား)။ အဲဒါဆိုရင် ပြည်သူလူထု အများကြီး အကျိုးမရှိဘူးလား၊ ရှိလား။ (ရှိပါတယ်ဘုရား)။ ဒါပေမယ့် သူများထက် သာအောင် မလုပ်နိုင်ဘူး။ သူများထက် သာအောင် မလုပ်နိုင်တာ ကောင်းလို့လား၊ ကန်းလို့လား။ (ကန်းလို့ပါဘုရား)။ ဒီမိုကရေစီဟာ အန္တရာယ်ကြီးတယ်။ ဘာကြောင့်လဲ အကန်းတွေ များလို့။ ဒါပေမယ့် သူများနိုင်မှာတော့ ပြည်သူလူထု တစ်ဦးချင်း တစ်ယောက်ချင်းစီ အရည်အချင်းတွေ မရှိကြဘူးလား။ ရှိတော့ သူတို့ ကောင်းတဲ့ အစိုးရကို မတင်နိုင်ဘူးလား။ (တင်နိုင်ပါတယ်ဘုရား)။ စီးပွားရေးရော မတိုးတက်ဘူးလား၊ နိုင်ငံတော်ကြီးရော မဖွံ့ဖြိုးဘူးလား။ အစစ အရာရာ မချမ်းသာဘူးလား။ ဒီမှာ ပြည်သူလူထု တစ်ဦးချင်း တစ်ယောက်ချင်းစီ အရည်အချင်း မရှိ၊ အားလုံး ပိန်း၊ ပိတ်နေကြတဲ့ အခါကြတော့ ရမ်းသမ်း မရွေးကြဘူးလား။ ဘယ်လောက် အထိ ရွေးသလဲ။ လူသေကောင်တောင် မဲပေးတယ်။ ကဲ အဲဒါ ဘယ့်နှယ့်တုန်း လူသေကောင်ကို မဲပေးတာ ကန်းလို့လား၊ ကောင်းလို့လား။ (ကန်းနေလို့ပါ ဘုရား)။ သူတို့ အကန်းတွေ ရွေးချယ်လိုက်တဲ့ သူကရော အကောင်းဟုတ်ရဲ့လား။ (မဟုတ်ပါဘူးဘုရား)။ အကန်းတွေ ရွေးချယ်တဲ့သူက ဘာပဲဖြစ်နေလဲ။ (အကန်းပဲ ဖြစ်နေပါတယ်ဘုရား)။ အကန်းတွေ ဦးဆောင်လိုက်တော့ အကန်းတွေနောက် အကောင်းတွေ မလိုက်ရဘူးလား။ (လိုက်ရပါတယ်ဘုရား)။ လိုက်ရတော့ ဂျောက်ထဲမကျဘူးလား။ ဂျောက်ထဲ မမြင်ဘူးရင် အင်းစိန်သွားကြည့်။


ဆရာတော်၏ အွန်လိုင်းဓမ္မသဘာင်ကို facebook လူမှုကွန်ရက်မှ ထုတ်လွှင့်ခဲ့ရာ အကောင့်ပါ ဖျက်ချခံခဲ့ရပြီး ဆရာတော်၏ တပည့်များက youtube နှင့် vk တို့တွင် ပြန်လည် ဖော်ပြထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)