နွေရာသီ ပညာဒါန အခြေခံကွန်ပျူတာသင်တန်းများတွင် ကျောင်းသားလူငယ်များ တက်ရောက် သင်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေရာသီ ပညာဒါန အခြေခံကွန်ပျူတာသင်တန်းများတွင် ကျောင်းသားလူငယ်များ တက်ရောက် သင်ယူ



MNP - ဧပြီ     ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ရန်ကုန်-ပဲခူး လမ်းမဘေးရှိ သပြေညိုပညာဒါန အကျိုးတော်ဆောင်အသင်းမှ ဖွင့်လှစ်သော နွေရာသီ အခြေခံကွန်ပျူတာ (အပတ် စဉ်-၂) သင်တန်းတွင် ကျောင်းသားလူငယ်များ တက်ရောက် သင်ယူလျက်ရှိကြောင်း သိရှိရသည်။

သင်တန်း တန်းခွဲများအနေဖြင့် Basic Graphic Design သင်တန်းကို နံနက် ၈:၃၀မှ ၁၁:၀၀ထိ လည်းကောင်း၊ အခြေခံကွန်ပျူတာ(တန်းခွဲ-A) သင်တန်းကို နံနက် ၁၁:၀၀ မှ မွန်းလွဲ ၁:၃၀ထိ လည်းကောင်း၊ အခြေခံကွန်ပျူတာ(တန်းခွဲ-B)သင်တန်းကို မွန်းလွဲ ၂:၀၀ မှ ညနေ ၄:၃၀ထိ လည်းကောင်း သင်တန်းကာလ (၁၈.၄.၂၀၂၂ မှ ၉.၅.၂၀၂၂ ထိ) အသင်း၏ ကွန်ပျူတာ စက်အလုံး(၂၀)ဖြင့် သပြေညိုပညာဒါန အကျိုးတော်ဆောင်အသင်းမှ သင်တန်းနည်းပြ ဦးဇေခန့်ပိုင်၊ ဒေါ်ဆုသန္တာစန်း၊ ဒေါ်အိနွေးခင် တို့က သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသား/ သင်တန်းသူ (၇၀)ဦး တက်ရောက်လျက်ရှိသည်။

သင်တန်းတွင် ကွန်ပျူတာသင်ခန်းစာများအပြင် လူငယ်များ စာပေဖတ်ရှုလေ့လာစေရေး၊ အသင်းအဖွဲ့နှင့် လှုပ်ရှားမှုများ ဆောင်ရွက်တတ်စေရေးနှင့် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်နိုင်စေရေးတို့အတွက်ပါ ဟောပြော ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး အဆိုပါသင်တန်းများကို သပြေညိုပညာဒါန အကျိုးတော်ဆောင် အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်က ဦးဆောင်လျက် အခြေခံပညာကျောင်းများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်စာရေး ဆရာ အသင်းတို့က ပူးပေါင်းဆောင်ရွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်လို သူများသည် ၀၉-၅၁၉၂၄၀၈ သို့ ဆက်သွယ်မေးမြန်း တက်ရောက်နိုင်ပါကြောင်း သပြေညိုပညာဒါန အကျိုးတော်ဆောင်အသင်း အတွင်းရေးမှူး ဦးနေဆန်း ထံမှ သိရှိရသည်။

သတင်း - ဆုလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)