မိုင်းတုံမြို့နယ်ရှိ မောက်စလီကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်၍ ကွင်းဆင်းကြီးကြပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့နယ်ရှိ မောက်စလီကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်၍ ကွင်းဆင်းကြီးကြပ်




MNP - ဧပြီ   ၂၈

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မောက်စလီကျေးရွာသို့ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျေးရွာကော်မတီဝင်များက ချေးငွေဖြင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေနေများကို ရှင်းလင်းတင်ပြသည်။

အဆိုပါအရင်းမပျောက် လည်ပတ်မြစိမ်းရောင်ရန်ပုံငွေဖြင့်တစ်ပိုင်တစ်နိုင်စိုက်ပျိူးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြကြောင်း၊ စီမံကိန်း(ဆဌမ) စက်ဝန်းသို့ရောက်ရှိနေပြီးဖြစ်၍ အမြတ်ငွေကျပ် (၂၄၉)သိန်းထဲမှ ကျပ်(၁၀၀) သိန်းဖြင့် ကျေးရွာအတွက် လိုအပ်သည့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှ သိပြီး‌နောက် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်မည့်‌ နေရာကို သွားရောက်ကွင်းဆင်း ကြည့်ရူ့ခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ဝင်းဝင်းခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)