MNP - ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာအ.ထ.ကကျောင်း နဝရတ်ခန်းမနှင့် စုရပ် (၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆဋ္ဌမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင်(၂၃)ဦးကို ထိုးနှံပေးရာ စုစုပေါင်းလူဦးရေပေါင်း (၄၉၇၅)ဦးအား မြို့နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တောင်သာ(အထက)ကျောင်းတွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆဌမ အသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်း - ကျော်မျိုးနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment