လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်



MNP - ဧပြီ    ၄

ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်‌ ဒေါက်တာ ကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ဖြစ်သည့် အနာဂါတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး၊ လူတော်လူကောင်းများ ဖြစ်စေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရေး ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများကို  ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်လှူဒါန်းရာ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်က လည်းကောင်း၊ ကျောင်းဖွံဖြိုး တိုးတက်ရေးအတွက် ဟိဏ်းဓနလင်း ကုမ္ပဏီ မန်းနေးဂျင်း ဒါရိုက်တာ ဦးမောင်မောင်လင်းမှ အလှူငွေကျပ် ၅၀၀၀၀ဝိ/ လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းသွယ်က လည်းကောင်း လက်ခံရယူခဲ့သည်။ ထို့နောက် ဟောပြောပွဲဆက်လက် ကျင်းပရာ ခရိုင်အားစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းထက်အောင်က လူငယ်နှင့် လွန်စွာအကျိုးများ ကာယပညာနှင့်အားကစား၊ အားကစား အကျိုးကျေးဇူးဖြင့် ဗလငါးတန် ဖွံဖြိုးရခြင်း၊ Mobile Network လွန်ကဲစွာသုံးစွဲခြင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်လျော့ကျစေရန် အားကစားဖြင့်အခြေခံ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ခရိုင်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်က စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောပေးခဲ့သည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းသား၊ သင်တန်းသူများမှ မြန်မာသိုင်းနှင့် ပိုက်ကျော်ခြင်း အားကစားနည်းများဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

သတင်း - စိုင်းအောင်ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)