MNP - ဧပြီ ၂
စစ်ကိုင်းမြို့တွင် မြို့အဝင်/ မြို့အထွက်နေရာများသို့ ခရီးသွားပြည်သူများအား နိုင်ငံသားကတ်များစစ်ဆေးခြင်းကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်
စစ်ကိုင်းမြို့အနေဖြင့် ခရီးသွားပြည်သူများအား ဧပြီ(၁)ရက်နေ့ကစပြီး နိုင်ငံသားစိစစ်ရေး ကတ်များ စစ်ဆေးပေးနေကြောင်း၊ ခရီးသွားလာကြမဲ့ ပြည်သူများအနေဖြင့်လည်း နိုင်ငံသားကတ်များကို တစ်ပါတည်းယူဆောင်လာပြီးမှ ခရီးသွားလာရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကိုလည်း အဆိုပါစစ်ဆေးရေးနေရာတွင် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။
သတင်း - ဇော်မြင့်နိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment