MNP - ဧပြီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မိုးလုံလေလုံ အားကစားခန်းမတွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးစီး၍ ယမန်နေ့ နေ့လည်(၁)နာရီခွဲမှ စတင်၍ နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် အနာဂတ်လူငယ်လေးများ ကိုယ်ကာယကျန်းမာပြီး ကိုယ်လက် သန်စွမ်းစေရန်အတွက် ရည်ရွယ်ပြီး မြို့နယ်လူငယ်ကစားသမားများအား ဘော်လီဘော၊ ဘော်လုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် စသည့် အားကစား နည်း(၅)မျိုးကို နေ့လည်(၁)နာရီခွဲမှ ညနေ(၅)နာရီအထိ နည်းစနစ်နှင့်အညီ လက်တွေ့သင်ကြား ပြသသွားမည်ဖြစ်သည်။ ယင်းသင်တန်းကို ရွာငံမြို့နယ် လူငယ်ကစားသမား သင်တန်းသား စုစုပေါင်း(၉၈)ဦး ပါဝင်ကာ မြို့နယ်အားကစားမှူး ဦးအောင်ကိုဦးမှ ဧပြီလ (၄)ရက်နေ့မှ (၁၀)ရက် ထိ (၇)ရက် သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သတင်း - ပြည့်ဖြိုးသန့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment