ကျောင်းသားလူငယ်များ အနုပညာအရည်အသွေးများမြင့်မားလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသားလူငယ်များ အနုပညာအရည်အသွေးများမြင့်မားလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်






MNP ၊ ဧပြီ  ၂၅ 

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများမြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်းကို ယနေ့မွန်းလွဲ ပိုင်းတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

သင်တန်းတွင်ထားဝယ်ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်မာဖြူက ကျောင်းနေအရွယ် ကလေး ငယ် များ ငယ်ရွယ်စဉ်မှစတင်ပြီး အခြေခံပန်းချီပညာကို တတ်မြောက်ထားရှိပြီး ပြိုင်ပွဲများတွင် ထူးချွန်စွာ ပါဝင် ယှဉ်ပြိုင် နိုင်ရန်၊ ကျောင်းပညာရေးအတွက် အထောက်အကူပြုစေရန်အတွက်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရ ခြင်း ဖြစ်ကြောင်း ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပထမအရွယ်တွင် ပညာရှာ၊  ဒုတိယ အရွယ် တွင် စီးပွားရှာ၊ တတိယအရွယ်တွင် တရားရှာဆိုသည့် လောကနီတိတရားနှင့်အညီ ပထမအရွယ်တွင်  အသိပညာ၊ အတတ် ပညာများကိုဆည်းပူးလေ့လာရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ပန်းချီပညာရှင် ဦးလှရွှေနှင့် ဦးစိုးနိုင်တို့ က ကျောင်းသား/သူ(၂၀)ဦးအား အခြေခံပန်းချီများတွင်ပါရှိရမည့် မျဉ်းရေးဆွဲရမည့်နည်းများအကြောင်း၊ ပုံစံနှင့် ထုထည်များအကြောင်း၊ အလင်းအမှောင်နှင့်အရောင်မျိုးစုံခွဲခြား ရေးဆွဲရမည့်နည်းများအကြောင်းကို ဧပြီ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မှ ၄ နာရီအထိလေ့ကျင့် သင်ကြားပြသ ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)