ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


MNP ၊ ဧပြီ ၁

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို “မျှော်မှန်းချက်များရရှိဖို့ ကြိုးစား ချီတက်ကြပါစို့” ရုံးသီချင်းဖြင့် စတင်ဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဆောင်ရွက်ချက်များ အားကောင်းလာစေရေး ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းအဖြစ် ဆောင်ရွက်လာခဲ့သည်မှာ ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်တွင် (၈၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ စစ်ဆေးရေးစံ၊ စစ်ဆေးရေးနည်းလမ်းများကို နိုင်ငံတကာစံနှုန်းများ နှင့်အညီ စစ်ဆေး ဆောင်ရွက်လျက် ရှိသည့်အပြင် IT Audit ကနဦးစမ်းသပ်စစ်ဆေးခြင်းများ ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရည်အသွေးတာဝန်ခံသော စစ်ဆေးရေးလုပ်ငန်းစဉ်များနှင့် အရည်အသွေး ပြည့်ဝသော အစီရင်ခံစာများ ဖြစ်စေရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍  လွှဲပြောင်းလက်ခံခဲ့သည့် ၂၀၂၁ - ၂၀၂၃ ခုနှစ်အတွက် ASEANSAI အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ စာရင်းစစ်ချုပ် ရုံးဝန်ထမ်းများအနေဖြင့် ရုံး၏ကောင်းမွန်သော သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် စည်ကမ်း၊ စံနမူနာပြ သယ်ပိုးဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တို့မှ  စာတမ်းဖတ်ပွဲတွင် ထူးချွန်ဆုရရှိသူ (၃)ဦးကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းစွမ်းဆောင်ရည်ဆု၊ ပညာရည်ချွန်ဆုနှင့် ရုံးမဂ္ဂဇင်းစာမူဆုရဝန်ထမ်းများနှင့် စာတမ်းဖတ်ပွဲတွင် စာတမ်းဖတ်ကြားခဲ့သူများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သမိုင်းကြောင်းနှင့် တစ်နှစ်တာအတွင်း တိုးတက်ပြောင်းလဲမှုကို ရိုက်ကူးတင်ဆက်ထားသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းလွှာ Video Clip ကို  ဖွင့်လှစ်ပြသသည်။

ယင်းနောက် ပြည်ထောင်စုစာရုင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယေဘူယျအားဖြင့် အများလက်ခံ ကျင့်သုံးလျက်ရှိသောစာရင်းစစ်စံများမှ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ ကျင့်သုံး ဆောင်ရွက်လျက် ရှိသည့် စာရင်းစစ်စံများသို့ ပြောင်းလဲဆောင်ရွက်မှုနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်း ဆောင်ရွက်မှုများကို IT နည်းပညာဖြင့် စွမ်းဆောင် ရည်မြင့်မားလာစေရန် ကြိုးပမ်း ဆောင်ရွက်ခြင်း ခေါင်းစဉ်တို့ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ဆက်လက်ကျင်းပသည်။

အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများက စုပေါင်းခန်းမနှင့် နေပြည်တော် သင်တန်းကျောင်းခန်းမ (၂)ခုမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်ဒေသစာရင်းစစ်ရုံး (၂၆၆)ရုံး တို့မှ အရာထမ်း၊ အမှုထမ်းများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးဝန်ထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)