MNP - ဧပြီ ၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း ကွန်ပျူတာနှင့် အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၇/၂၀၂၂)၊ စက်ခေါင်းမောင်း (တွဲရွှေ့)သင်တန်းအမှတ်စဉ် (၃၁/၂၀၂၂)၊ လက်ထောက်ကြီးကြပ်ရေးမှူး ရထားထိန်း(အခြေခံ)သင်တန်းအမှတ်စဉ်(၄၉/၂၀၂၂)၊ Traction Mortor Maintenance သင်တန်း အမှတ်စဉ်(၁၆/၂၀၂၂)၊ ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင် တန်းအမှတ်စဉ် (၄၁/၂၀၂၂)၊ IP Networking သင်တန်း အမှတ်စဉ်(၅/၂၀၂၂) ၊ ဒီဇယ်စက်ခေါင်းပြင်သင် တန်း အမှတ်စဉ် (၃၉/၂၀၂၂)၊ ကွန်ပျူတာ(ပုံဆွဲ) သင်တန်း အမှတ်စဉ်(၂၁/၂၀၂၂)၊ လျှပ်စစ်(အခြေခံ) သင်တန်း အမှတ်စဉ် (၂၂/၂၀၂၂)၊ အခြေခံစာရေးကွန်ပျူတာ (အထူးပြု)သင်တန်း အမှတ်စဉ် (၅၀/၂၀၂၂)သင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ၎င်းသင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာမင်းနှင့် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မျိုးကျော်တို့က ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဦးလှမိုးက သင်တန်း သားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီးက သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သတင်း - သိန်းမြင့်ကျော်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment