MNP ၊ ဧပြီ ၂
၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉နာရီမှစတင်၍ သင်္ချာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်သံတွဲမြို့နယ် ငပလီမြို့ရှိစာစစ်ဌာန(၂)ခုတွင် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
သံတွဲမြို့နယ်၊ငပလီမြို့အတွင်းရှိစာစစ်ဌာန(၂)ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ( ၇၈၅)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ( ၇၅၆)ဦးရှိပြီး ပျက်ကွက်သူဦးရေ(၂၉)ဦးရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရှိရသည်။
အဆိုပါ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ရပ်ကွက် အုပ်ချုပ်ရေးမှူး များ နှင့်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များက စာစစ်ဌာနများသို့လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
သတင်း - သန်းနု
https://t.me/MyanmarNationalPost
No comments:
Post a Comment