ကျိုက်မရော၌ ရေသွင်းထောပတ်ပိန်းဥများ အောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်မရော၌ ရေသွင်းထောပတ်ပိန်းဥများ အောင်မြင်ဖြစ်ထွန်း

 


MNP - ဧပြီ   ၂၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ လယ်မြေများတွင် ရေသွင်း၍ စိုက်ပျိုးထားသည့် ဒေသအခေါ် ကုလားပိန်းဥ (ထောပတ်ပိန်း)ပင်များအား စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ယခုနှစ်ထောပတ်ပိန်းစိုက်ရာတွင် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်၊ ပိန်းဥစိုက်ရာတွင် ပိန်းဥကို အရင်ဆုံးပျိုးထားပြီး အပင်ပေါက်လေးတွေ ပေါက်လာမှ မြောင်းဖော်ကာ တစ်မြောင်း ချင်းစီတန်း၍ စိုက်ပျိုးရကြောင်း၊ ပိန်းဥကိုတပို့တွဲလဆန်းမှ အစပျိုးပီးရက်ပေါင်း ၉၀ကြာထိ စိုက်ရကြောင်းရေကြိုက်ပြီး နှုန်းမြေများတွင်သာ စိုကိပျိုး၍ရကြောင်း၊ သဲဆန်သောမြေနှင့် အပူပိုင်းဒေသတွေမှာစိုက်၍ မဖြစ်ထွန်းကြောင်း ပိန်းဥ နှစ်လသားအရွယ်ကနေ တစ်ရက်ခြား ရေပေးရပါတယ်၊ ယခုလမှာဆို ဓာတ်ဆီဈေးကြီးသဖြင့် သိမ်းပီးတွက်ချေမကိုက်ပဲ ဈေးကွက် ဝင်သီးနှံဖြစ်ကာ ဒေသခံများက ကြိုက်နှစ်သက်သဖြင့် ရောင်းရလွယ်ကူကြောင်း၊ ကဆုန်လ ဆိုလျင်စတင်တူးပြီး ရောင်းချသွားမည်ဖြစ်ကြောင်း ပိန်းဥအများအပြား စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်နေသူ ရေတွင်းကျေးရွာမှ တောင်သူကြီး ဦးဘာဘူကပြောပါတယ်၊ ပိန်းဥကို ကျိုက်မရော မြို့နယ်အတွင်းရှိ တူးမြောင်းနှင့်နီးသည့် ရေရလွယ်သည့်နေရာများတွင် အများအပြား စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရသည်။

သတင်း - ချိုမြတ်မြတ်ထွေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)