မလှိုင်မြို့၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ဆွေးနွေးပွဲကျင်းပ

 

MNP - ဧပြီ   ၂၈

မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၅၆) အုပ်စုမှ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၃ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ရည်မှန်းချက်ထား ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကွန်ပျူတာရေးသွင်းခြင်းလုပ်ငန်းကို လျာထား အရေအတွက် (၁၃၀၂၂၃) ဦးကို ဆောင်ရွက်ရာတွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ သို့ရာတွင် ကျန်ရှိနေသည့် ကွက်လပ်ပေါက်များ ဖြည့်တင်းရေးကို သတ်မှတ်ကာလမတိုင်မီ ပြီးစီးရန် မှာကြားခဲ့သည်။

ထိုနောက် မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ကွက်လပ်ပေါက်တွင် ကျန်ရှိနေသည့် မှတ်ပုံတင်နံပါတ်များ၊ မိဘအမည် များကို သတ်မှတ်ရက်မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ယင်းနောက် တက်ရောက်လာကြသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုစာရေးဝန်ထမ်းတို့မှ သိရှိ လိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဒေါ်ကျော့ကျော့ခိုင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

မလှိုင်မြို့နယ်သည် ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) စု၊ ကျေးရွာ(၂၄၇) ရွာ၊ အိမ်ခြေ (၃၄၅၄၂) အိမ်၊ အိမ်ထောင်စု (၃၅၂၅၁) စု၊ လူဦးရေစုစုပေါင်း (၁၇၇၉၉၂) ဦး နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - အောင်ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)