ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်ပြည့်ထိုးနှံပြီးသူများအား Booster doses ထပ်ဆောင်းအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်ပြည့်ထိုးနှံပြီးသူများအား Booster doses ထပ်ဆောင်းအကြိမ်ထိုးနှံပေး



MNP - ဧပြီ   ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို သက်သာလျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာစုရပ်များအလိုက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများကိုလည်း ကာကွယ်ဆေးရရှိမှုပေါ်မူတည်၍ ထိုးနှံပေးလျက်ရှိသည်။ ယနေ့နံနက် ၈ နာရီက ပေါက်ခေါင်းမြို့ လေးမျက်နှာဇာတ်ရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်ပြည့် ထိုးနှံပြီး (၆)လပြည့်ပြီးသူ ပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး Booster doses ကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အိန္ဒိယနိုင်ငံထုတ် (Covishield) အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ပြည်သူ (၃၃၀)ဦးအား လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)