သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးသူများ Booster ထပ်ဆောင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးသူများ Booster ထပ်ဆောင်းထိုးနှံပေး




MNP - ဧပြီ   ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသူများအား Booster  ထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ သိန္နီမြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ထိုးနှံပေးလျက်ရှိသည်။

ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး၍ (၆)လပြည့်သူများ အသက်(၄၀)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်တွင် အသက် (၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုးနှံ ရန်လူဦးရေ (၄၂၇၄၆)ဦးရှိရာ ယနေ့အချိန်ထိ ဆေးထိုးနှံပြီးသူ (၃၁၅၈၇)ဉီးဆေးထိုးနှံပြီးဖြစ်သည်။  ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆေးထိုးနှံရေးစုရပ်များတွင် လည်းကောင်း၊ Mobile စနစ်ဖြင့်လည်းကောင်း တစ်မြို့နယ်လုံး ထိုးနှံပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)