ကျိုက်ထိုမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ဝန်ထမ်းများ အရည်အသွေးမြင့်မားရေး စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ဝန်ထမ်းများ အရည်အသွေးမြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်


MNP ၊ ဧပြီ   ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ကျိုက်ထိုမြို့နယ် ရုံးမှ ဝန်ထမ်း များက ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ဧပြီ (၁၉)ရက် နံနက်(၁၂)နာရီ က လူထု အခြေ ပြုဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ကျိုက်ထိုမြို့နယ် ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က  ဝန်ထမ်းများ အရည်အသွေးမြင့်မားလာရေးအတွက်လေ့ကျင့်ပညာပေးခြင်း အနေဖြင့် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားပြီး စာကြည့်တိုက်လက်ထောက်(၃)ဒေါ်အေးစန္ဒာ က ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ အခန်း(၄)စာရွက်စာတမ်းများလုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း အခန်းမှ ရည်ရွယ်ချက်၊လုံခြုံမှုအဆင့်အတန်း ၊စာရွက်စာတမ်းများမှတ်သားခြင်း၊လုံခြုံမှုအဆင့်အတန်းသတ်မှတ်ခြင်း၊လက်မှတ်ရေးထိုးခြင်း၊စာရွက်စာတမ်းများကိုအရေးယူဆောင်ရွက်ခြင်း၊လုံခြုံမှုအဆင့်အတန်းလျှော့ချခြင်း၊စာရွက်စာတမ်းများကိုဖျက်ဆီးခြင်း၊ဦးစား‌ ပေးအဆင့်အတန်း၊အ‌ ရေးယူဆောင်ရွက်ခြင်း၊ ဦးစားပေးအဆင့်သတ်မှတ်ခြင်းအထွေထွေ စသည့်အချက်များကို ဖတ်ကြားဆွေးနွေးရာ တက်ရောက်သည့် ဝန်ထမ်းများမှ တစ်ဦးချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - အေးယုဝေ(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)