ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ်




MNP  - ဧပြီ   ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီ ခွဲ အချိန်ကစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လေ့လာသင်ယူမှု အစဉ်ဖြစ်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် အစရှိသည့် ရည်ရွယ်ချက်များ ဖြင့် လူထုအခြေပြဗဟိုဌာနတွင် အခြေခံပန်းချီ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းချီဆရာမ ဒေါ်နှင်းစက်ငုဝါက ပန်းချီအခြေခံသဘောတရားအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ကျောက်မဲမြို့နယ်မှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၃၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ မေ ၂၅ ရက်နေ့ထိ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။

သတင်း - မိုင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)