သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင်လူကုန်ကူးမှုအန္တရာယ် ထားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင်လူကုန်ကူးမှုအန္တရာယ် ထားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်



MNP - ဧပြီ   ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပြည်သူများအနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့်အကြောင်းအရာများသိရှိစေရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk     Show ကိုယနေ့နံနက်  (၉) နာရီအချိန်က လူထုအခြေ ပြုဗဟိုဌာန (Community   Centre) ခန်းမတွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk  Show  ပြုလုပ်ရခြင်းရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး သံတောင်ကြီးမြို့မ စခန်းမှူး ဒုရဲမှူးသိန်းထွန်းလှအောင်က လူကုန်ကူးမှုခံရသူများ၊ လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးမှုခံရသူများ၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လူကုန်ကူးမှုအမျိုးမျိုး၊ အများအားဖြင့် လူကုန်ကူးခံရသူများ၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမည့်နေရာနှင့်ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများကို  အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်း - နော်နော်မူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)