MNP - ဧပြီ ၂၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေး ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ယုယုအောင်က ပြည်သူများအနေဖြင့် သဘာဝဘေး အန္တရာယ် မှကြိုတင် ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ချက် ဖြင့် အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မန်တုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်လက်ထောက်ဦးစီးမှူး ဦးသန်းထက်ဇော်က သဘာဝဘေးအန္တရာယ် အသိပညားပေး ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် မိမိ တို့ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး တာဝန်ကြီးလေးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးဟောပြောပွဲများ၊ သရုပ်ပြများ၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ၊ အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်လျက်ရှိပါကြောင်း သဘာဝဘေးအန္တရာယ်နှင့်ပက်သတ်၍ ငလျှင်ဘေး၊ ရေဘေး၊ လေဘေးများ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မန်တုံ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင် တပ်ဖွဲ့ဝင်များနှင့်ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ထားရှိ၍ ပြည်သူများအနေဖြင့် သဘာဝဘေးပေါ်ပေါက်လာပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment