ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

 





MNP - ဧပြီ  ၂၆


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး၊ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က  Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ် တပ်ဖွဲ့မှူး ဦးဇေယျာမိုးမြင့်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေမှုများ၊ အ‌ရေးပေါ်အောက်ဆီဂျင် ရှာဖွေလှူဒါန်းပေးမှုများ၊ သံသယလူနာများအား နှာခေါင်းတို့ဖက် စစ်ဆေးခြင်းများ၊ ကုသရေးဌာနများသို့ ပို့ဆောင်ပေးမှုများ၊ ရပ်ကွက်/ ကျေးရွာ များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့မှုများ၊ ကိုဗစ်ရောဂါကာလအတွင်း အသွားအလာကန့်သတ်ထားရှိသော နေရာများ တွင် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးမှုများကို ဆွေးနွေးခဲ့ပြီး  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သည် သိသိသာသာ လျော့နည်းလာသော်လည်း ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးကြရန်၊ ထိုးနှံသည့်သူများလည်း အကြိမ်ပြည့်ထိုးနှံကြရန်နှင့် မိမိကိုယ်ကို သံသယရှိပါက ကြက်ခြေနီတပ်ဖွဲ့သို့ ဆက်သွယ်၍ စစ်ဆေးနိုင်ပါကြောင်း ဆွေးနွေးခဲ့သည်။


ဆက်လက်၍ ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ် စေတနာ့ဝန်ထမ်းအဖွဲ့မှ ဦးဆန်းမြင့်အောင်က ဖလုံပညာ တိုးတက်ဖွံ့ဖြိုးရေးယူနစ်အဖွဲ့အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများတွင် ကူညီဆောင်ရွက် ပေးနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကုသရေးတွင် ဘားအံ ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပဌာနနှင့် ကုသရေးစင်တာတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသည့် နေရာများတွင် ကူညီဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)