မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အခြေခံမိုဘိုင်းဖုန်း အသုံးပြုနည်းသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အခြေခံမိုဘိုင်းဖုန်း အသုံးပြုနည်းသင်တန်းဖွင့်လှစ်






MNP - ဧပြီ    ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်  ၉ နာရီ အချိန်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အခြေခံမိုဘိုင်းဖုန်း အသုံးပြုနည်းနှင့် Telegram Accountဖွင့်ခြင်းနှင့် အသုံးပြု နည်းများ၊ သိရှိရန်လိုအပ်သောစသည့်အချက်များအကြောင်းကို ရှင်းလင်းပြောကြားပြီး ကွတ်ခိုင် မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက  မိုဘိုင်းဖုန်းအသုံးပြုရာတွင် ရုံးလုပ်ငန်းနှင့်ဆိုင်သော Mail ပို့နည်းများ၊ We Love Pageများတွင် နိုင်ငံတော်မှ ထုတ်ပြန်ချက် လွှင့်တင်နည်းများ စသည့်အသေး စိတ်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး  မူဆယ်ခရိုင်ဒုတိယ-ဦးစီးမှူး ဒေါ်ဇင်မာဖြိုးက သတင်းများ၏ Linkကူးယူခြင်း နှင့်မြို့နယ်အလိုက် ဖွင့်လှစ်ထားရှိသော We Love Page နှင့်  Facebook Messgner  Group ထဲသို့ သတင်းများမျှဝေနည်းများကို ပို့ချ သင်ကြားခဲ့ရာ တက်ရောက်လာသော ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အခြေခံမိုဘိုင်းဖုန်း အသုံးပြုနည်းသင်တန်းသို့ မူဆယ်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ (၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)