အိမ်မဲမြို့နယ် Community Centre ခန်းမတွင် အလယ်တန်းအဆင့် ပန်းချီသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် အလယ်တန်းအဆင့် ပန်းချီသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေး




MNP - ဧပြီ    ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအလယ်တန်းအဆင့် ပန်းချီသင်တန်း(အခမဲ့)ကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က နွေရာသီအလယ်တန်းအဆင့် ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြားပေးရသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

အဆိုပါ အလယ်တန်းအဆင့် ပန်းချီသင်တန်းကို သင်တန်းသား/သူ (၂၀)ဦးတက်ရောက်မှာ ဖြစ်ပြီး သင်တန်းကာလမှ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား/သူများ အချိန်ကို တန်ဖိုးရှိစွာ အသုံးချ တတ်စေရန်၊ ပန်းချီပညာကို တန်ဖိုးထား လေးစားတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်၊ ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေရန်၊ နိုင်ငံတော်ကို အကျိုးပြု မည့် သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပန်းချီသင်တန်းကို သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံးမှ သိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)