ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် အေရိုးဗစ်သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် အေရိုးဗစ်သင်တန်းဖွင့်လှစ်



MNP - ဧပြီ    ၅ 

နွေရာသီအားလပ်ရက်များတွင် ကျောင်းသားကျောင်းသူများ အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ မျိုးဆက်သစ် အားကစားလူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်နှင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်လာစေရန် ရည်ရွယ်၍    မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအေရိုးဗစ် အားကစားသင်တန်းကို ယမန်နေ့ ညနေပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အေရိုးဗစ်အားကစားသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာနမှ နည်းပြဆရာမများ ဦးဆောင်၍ အေရိုးဗစ်သင်တန်းကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်း ကာလမှာ ဧပြီ ( ၄) ရက်နေ့မှ ( ၆)  ရက်နေ့ထိ (၃) ရက်ကြာသင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)