ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိမ်တွင်းမှုလုပ်ငန်းပညာရပ် လက်ကိုင်အိတ်ထိုးနည်းသင်တန်း ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိမ်တွင်းမှုလုပ်ငန်းပညာရပ် လက်ကိုင်အိတ်ထိုးနည်းသင်တန်း ဆင်းပွဲကျင်းပ




MNP - ဧပြီ   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ နွေရာသီ‌ကျောင်းပိတ်ရက်ကာလအတွင်း မြို့အတွင်းရှိ ကျောင်းသားကျောင်းသူလူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရေးနှင့်အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ တစ်ဖက်တစ်လမ်းမှမိသားစုအပိုဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီ‌သော အသက်ဝမ်းကျောင်း အိမ်တွင်းမှု လုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့်လက်ကိုင်အိတ်ထိုးနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ သင်တန်းဆင်းပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ဒေါ်ခင်ခင်လဲ့ က ဤသင်တန်းဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီပေးကြပါသော သင်တန်းနည်းပြဆရာမနှင့်သင်တန်းသား/သင်တန်းသူ(၁၂)ဦးအား ကျေးဇူးတင်စကား ပြောကြားပြီး ဆက်လက်၍ သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုသောအနေဖြင့် အမှတ်တရလက်ဆောင်ပစ္စည်းများချီးမြှင့်ပေးပြီး သင်တန်းသူ/သင်တန်းသားများက အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ပြီးသင်တန်းဆင်းပွဲကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - ခင်ခင်လဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)