သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ





MNP - ဧပြီ   ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခ ံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre)  ခန်းမ၌ကျင်းမပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူက လူငယ်များအနေဖြင့်  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် ယခုကဲ့သို့ အခြေခံပန်းချီသင်တန်း တက်ရောက် ခြင်းဖြင့် အခြေခံပန်းချီပညာနှင့် ပတ်သက်သည့်သိသင့် သိထိုက်သည့်အကြောင်း အရာများကို သိရှိမည်ဟုယုံ ကြည်ကြောင်း နောင်တွင် ဖွင့်လှစ်မည့်သင်တန်းများတွင်လည်းတက်ရောက်ခြင်းဖြင့် အသိပညာဗဟုသုတရ ရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းပန်းချီဆရာဦးစောဖရင့်(စ်)က ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ သင်ကြားပေးသည့် အကြောင်းအရာများကို အတိုင်းအတာ ဘယ်လောက်အထိ နားလည်သဘောပေါက်သည်ကို ဆန်းစစ်ခြင်း၊ ပန်းချီရေးသည့်အခါ အချက်အလက်ပြည့်စုံမှုနှင့် စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားသည်။

ထို့နာက်  ပန်းချီပြိုင်ပွဲပြုလုပ်ပေးရာ ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ကျောင်းသူ/ကျောင်းသားများအား ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းဆရာအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရ သည်။

သတင်း - နော်နော်မူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)