လူထုအခြေပြုဗဟိုဌာန (ဒလ) Community Centre ၌ ရှေးဦးသူနာပြု အခြေခံသင်တန်းဆင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန (ဒလ) Community Centre ၌ ရှေးဦးသူနာပြု အခြေခံသင်တန်းဆင်းပွဲ ကျင်းပ



MNP - ဧပြီ   ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးသူနာပြု အခြေခံ သင်တန်းဆင်းပွဲကို ယနေ့ညနေ ၄နာရီတွင် ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးသန်းဝင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဝင်း၊ သင်တန်းနည်းပြ ဆရာများနှင့် ကြက်ခြေနီအဖွဲ့ဝင်များ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ကြက်ခြေနီ အသင်းပေါ်ပေါက်လာပုံနှင့်  ရည်ရွယ်ချက်များ ကြက်ခြေနီအသင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထိုသင်တန်းတွင် တက်ရောက်လာသော သင်တန်းသားများအား ရှေးဦးပြုစုခြင်း အခြေခံသဘောတရားနှင့် လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာသွေးယို စီးခြင်း၊ ပတ်တီး စည်းခြင်း၊ အရိုးကျိုးခြင်းနှင့် အဆစ်လွှဲခြင်း၊ မူးမေ့သတိလစ်ခြင်း၊ လူနာကိုင်တွယ်သယ်ဆောင် နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။

ဆက်လက်၍ သင်တန်းဆင်းပွဲတွင်  ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင်ခဲ့ပြီး၊ သင်တန်းသို့ တက်ရောက်လာသော တာဝန်ရှိသူများနှင့် သင်တန်းသားများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)