ကျိုက်ထို မြို့နယ်ရုံး Community Centre ၌ မြန်မာ့ရိုးရာ သိုင်းသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထို မြို့နယ်ရုံး Community Centre ၌ မြန်မာ့ရိုးရာ သိုင်းသင်တန်းဖွင့်လှစ်



MNP - ဧပြီ ၅

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ မြန်မာ့ရိုးရာ သိုင်းသင်တန်း (အခမဲ့)ကို  ဧပြီ (၅)  ရက်နေ့ နံနက်ပိုင်းက မြို့နယ်ရုံး Community Centre ခန်းမ၌ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က နွေရာသီ ကျောင်းပိတ်ရက်တွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ပြီး ကာယ၊ဉာဏ စွမ်းရည်များ   ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်းပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်လှမိုးခိုင်က ယခုသင်တန်းတွင် သင်ကြားပေးမည့် ပညာရပ်များသည် မိမိတို့ အတွက် အကျိုး ရှိမည့် ပညာရပ်ဖြစ်သည့်အတွက် သင်တန်း ကိုအချိန်ပြည့် တက်ရောက် ကြရန်တို့ကိုဆွေး နွေးပြောကြားခဲ့သည်။

အဆိုပါ မြန်မာ့ရိုးရာသိုင်းသင်တန်းတွင် အခြေခံ သိုင်း ၆၃ ကွက်ကို ပညာရေးဌာနမှ  ဦးအောင်ခိုင်စိုး(မူအုပ်-အမကတောင်ကလေး ကသင်တန်း နည်းပြအဖြစ် သင်ကြားပြသပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၁၅) ဦးတက်ရောက်၍ သင်တန်း ကာလမှာ(၃)ရက် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)