မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်း ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်း ဆောင်ရွက်လျက်ရှိ








MNP ၊ ဧပြီ ၂၉

အခြေခံမဲဆန္ဒရှင်စာရင်းများပြုစုရာတွင် အချက်အလက်များပြည့်စုံမှန်ကန်စေရေးအတွက် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် အချက်အလက်များအား တိကျမှန်ကန်မှုရှိစေရန် e-ID စနစ်ဖြင့် Server အတွင်း သိမ်းဆည်းခြင်းလုပ်ငန်းကို e-ID Software အသုံးပြု၍ စိစစ်ပြင်ဆင်ခြင်း၊ စာရင်းရေးသွင်းခြင်းများအား မြို့နယ်အသီးသီးတွင်  ဇွန်လကုန်အထိ ရက်ပေါင်း(၆၀)အတွင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းသိရသည်။


လူဝင်မှုကြီးကြပ်ရးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးသည် အဆိုပါလုပ်ငန်းကို သံတွဲမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကွန်ပျူတာခန်းမ၌ ဆောင်ရွက်လျက်ရှိပြီး နိုင်-၄ မှတ်တမ်း အချက်အလက်များအား Excel Format ဖြင့်စိစစ်ပြင်ဆင်ခြင်း ၊ စာရင်းရေးသွင်းခြင်းလုပ်ငန်းအား  ကွန်ပျူတာ(၁၂)လုံး၊ အရန်(၃)လုံးတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး  Excel Format ဖြင့်ရိုက်သွင်းပြီးသော အချက်အလက်များအား    e-ID Program Server အတွင်းသို့ VPN Passcode နှင့် User Passcode ပေးအပ်တာဝန်ပေးထားသည့် e-ID ဝန်ထမ်းများက e-ID ကွန်ယက်စနစ်ထည့်သွင်းထားသည့် ကွန်ပျူတာ(၂)လုံးဖြင့်ဆောင်ရွက်လျက်ရှိသည်။ 

     

အထက်ပါလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စနစ်တကျ စာရင်းရေးသွင်းနိုင်ရေးအတွက် မြို့နယ်ကြီးကြပ် အဖွဲ့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဥက္ကဌ၊ မြို့နယ်လဝကဦးစီးမှူးက အတွင်းရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်ရဲတပ်မှူး ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ၊လူမှုဝန်ထမ်းဦးစီးဌာန   မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က အဖွဲ့ဝင်များအဖြစ်ပါဝင်ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရည်သန့်ထံမှသိရှိရသည်။


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)