MNP - ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ e-IDစနစ်၊ Excel Formatဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်း လုပ်ငန်းများကို ယနေ့နံနက ၇ နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ ငပုတောမြို့နယ်ဦးစီးအရာရှိ ဦးမောင်မောင်လွင် နှင့်အဖွဲ့များက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၏ e-IDစနစ်၊ Excel Formatဖြင့် နိုင်-၄ မှတ်တမ်းများအား ဌာနဆိုင်ရာဝန်ထမ်း (၂၆)ဦး၊ ကွန်ပျူတာ(၁၃)လုံးဖြင့် စိစစ်ဖြည့်သွင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - လှိုင်မျိုးအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment