MNP - ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက် (၉.၀၀)နာရီ အချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် နယ်မြေခံရဲတပ်ဖွဲ့များ၊ ပူးပေါင်း၍ Mask တပ်ဆင်ခြင်းမရှိသူများကို mask ဝေငှပေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် Mask တပ်ဆင်ခြင်းမရှိသူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဆေးထိုးကတ်မပါသူများကို သတိပေးခြင်းတို့ကိုပြုလုပ်ခဲ့ပြီး ခရီးသွားလျင် mask တပ်ခြင်း/ ဆေးထိုးပြီးစီးကြောင်း ကတ်ပြားယူဆောင်ခြင်းများ ပြုလုပ်ကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment