ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများမှ ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ဆွမ်းဆန်၊ ဆီနှင့် နှာခေါင်းစည်း (Mask) ဆပ်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများမှ ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ဆွမ်းဆန်၊ ဆီနှင့် နှာခေါင်းစည်း (Mask) ဆပ်ကပ်လှူဒါန်း



MNP - ဧပြီ   ၂၈

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်ရှိ ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်ရှိ စာပေသင်ကြားနေသော (စာဝါလိုက်) သံဃာတော်များ ဆွမ်း၊ ဘောဇဉ် ပြည့်စုံစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများမှ  ယနေ့ နံနက် ၁၀ နာရီတွင် ဆွမ်းဆန်၊ ဆီနှင့် နှာခေါင်းစည်း (Mask) ဆပ်ကပ်လှူဒါန်းခဲ့သည်။

 လှူဒါန်းမှုမှာ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း ဦးဆောင်မှုဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး နှင့် ဒုတိယဦးစီးမှူး ဦးမျိုးမင်းလတ် တို့က ပရိယတ္တိစာသင်တိုက်တွင် (စာဝါလိုက်နေသော) စာပေသင်ကြားနေသည့် ရဟန်းသာမဏေ (၈၆) ပါးရှိပြီး သံဃာတော်များ ဆွမ်း၊ ဘောဇဉ်ပြည့်စုံစေရေးအတွက် (၂၄)ပြည် ဆွမ်းဆန်တော် (၈)အိတ်၊ ဆီ (၁၀) ပိဿာပုံး (၁) ပုံး၊ နှာခေါင်းစည်း (Mask) (၃)ဖာအား ကုန်းကျောင်းပရိယတ္တိစာသင်တိုက်မြို့နယ် သံဃနာယက ဂန္တဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော် ဘဒ္ဒန္တစန္ဒိမာထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)