နမ့်ဆန်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းဆောင်ရွက်



MNP -  ဧပြီ   ၂၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  နမ့်ဆန်မြို့တွင်(MobileLibrary)စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က နမ္မဝေါရပ်ကွက်တွင်တရုတ်စာသင်ယူနေသော သားငယ်သမီးငယ်များထံသို့ သွားရောက်ဌားရမ်းပေးခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များဌားရမ်းပေးရာတွင် နမ်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ သားငယ်သမီးငယ်များအတွက် ဗဟုသုတ များရရှိစေရန်နှင့် စာပေများဖတ်ရှုလိုသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြီး သုတ/ရသစာအုပ်များ၊ ဝတ္ထူ၊  မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို နမ္မဝေါရပ်ကွက်သို့ သွားရောက်ဌားရမ်းပေးခဲ့ပြီး နောက်ပတ်တွင်လည်း  ဌားရမ်းထားသောစာအုပ်များကို ပြန်လည်သိမ်းဆည်းပြီး စာအုပ်အသစ်များ ပြန်လည်ဌားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)