မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေး



MNP - ဧပြီ   ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀:ဝဝ) နာရီအချိန်ခန့်က မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် သွား‌ရောက် ငှားရမ်းပေးခဲ့သည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  စာဖတ်ပရိတ်သတ်များ  အားလပ်သောအချိန်ကိုစာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး ဈေးရပ်ကွက်ရှိ ဦး‌အောင်ဇော်နိုင်၏ နေအိမ်တွင်စုရပ်အဖြစ်သတ်မှတ်၍ သွားရောက် ငှားရမ်းပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန် ပြုလုပ်ဆောင်ရွက် ပေးမည်ဖြစ်ပြီး စာကြည့်တိုက်အသင်းဝင်ကတ်ပြားကိုလည်း  ‌‌ ဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - ဇော်ဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)