ရိုးသားသောနိုင်ငံရေးစိတ်ထားများဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက် ညှိနှိုင်းအဖြေရှာကြရန် NDF ပါတီ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရိုးသားသောနိုင်ငံရေးစိတ်ထားများဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက် ညှိနှိုင်းအဖြေရှာကြရန် NDF ပါတီ ထုတ်ပြန်

 


MNP၊ ဧပြီ ၂၄
အမျိုသားဒီမိုကရေစီအင်အားစု (NDF) ပါတီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် ပတ်သက်၍ ရိုးသားသော နိုင်ငံရေးစိတ်ထားများဖြင့် ပြည်ထောင်စုအသစ်တည်ဆောက်ရေးကို မျှော်မှန်းကာ နိုင်ငံတော်က ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ညှိနှိုင်း အဖြေရှာကြရန် တိုက်တွန်းထားသည်။

NDF ပါတီ၏ ထုတ်ပြန်ချက်တွင် မြန်မာ့လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပါလာသည်ဟု ဆိုရမည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးလမ်းစသည် ယခုအခါတွင် မျှော်လင့်ဖွယ်ရာ ပေါ်ပေါက်လာခဲ့ပြီဖြစ်ကြောင်း၊ နှစ် ၇၀ကျော်ကြာ ပြည်တွင်းစစ်မီး တောက်လောင်နေမှုကြောင့် ငြိမ်းချမ်းရေး ကင်းမဲ့နေခဲ့ရပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဖက်ဖက်မှ နှောင့်နှေးနေခဲ့ရကြောင်း၊ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ကြီးတစ်ရပ်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အစားစု NDF ပါတီက ယုံကြည်ထားကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ပွင့်လင်းမြင်သာလွတ်လပ်စွာ ဆွေးနွေးရန် ဖိတ်ခေါ်မှုကို အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက လှိုက်လှဲစွာ ကြိုဆိုကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)