မြိုင်မြို့နယ်တွင် NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်အဖွဲ့၏ ဥပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ မှုများကြောင့် ထိခိုက် သေးဆုံးခဲ့သည့် ဝန်ထမ်းများနှင့်ဒေသခံပြည်သူများအား ထောက်ပံ့ငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ်တွင် NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်အဖွဲ့၏ ဥပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ မှုများကြောင့် ထိခိုက် သေးဆုံးခဲ့သည့် ဝန်ထမ်းများနှင့်ဒေသခံပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်




MNP ၊ ဧပြီ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင်NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်အဖွဲ့များ ၏ ဥပဒေမဲ့ ခြိမ်းခြောက်သတ်ဖြတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှုများကြောင့် ထိခိုက်သေဆုံးခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများအား ထောက်ပံ့ ကြေးပေးအပ်ပွဲကို ဧပြီလ ၂ရက်နံနက်၁၀နာရီအချိန်က မြို့နယ်ထွေ/အုပ် အစည်းအဝးခန်းမတွင် ကျင်းပသည်။


ထောက်ပံ့ကြေးပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ထောက်ပံ့ကြေးပေးအပ်မှုအခြနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြိး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဌ ဗိုလ်မှူးထက်နေအောင်နှင့် အဖွဲ့ဝင်များက သေဆုံးခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံပြည်သူများနှင့် ထိခိုက်ဒဏ်ရာရှိခဲ့ကြသည့် ဝန်ထမ်းများ ဒေသခံပြည်သူများကို ထောက်ပံ့ ငွေများ အသီးသီးပေးအပ်ကြသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သေဆုံးဝန်ထမ်း တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှုန်း၊ ဒဏ်ရာရရှိသူဝန်ထမ်းတစ်ဦးလျှင်ငွေကျပ် (၅)သိန်းနှုန်းဖြင့် လည်းကောင်း ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သေဆုံးသူတစ်ဦးလျှင် ငွေကျပ်(၃)သိန်းနှင့် ထိခိုက် ဒဏ်ရာရရှိသူတစ်ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်းတို့ဖြင့် အသီးသီးထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာမိသားစုဝင်များမှ လက်ခံရယူခဲ့ကြကြောင်းသိရသည်။


သတင်း - ခါနု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)